Success Story | STIMU


  • Home -
  • Dr. Ei Mon Phyo
  • STI Myanmar University မှ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အင်္ဂလန် နိုင်ငံအသိအမှတ်ပြု အာဟာရပညာရှင်အားဂုဏ်ပြုခြင်း
Success Story
course
  • STI Myanmar University မှ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော အင်္ဂလန် နိုင်ငံအသိအမှတ်ပြု အာဟာရပညာရှင်အားဂုဏ်ပြုခြင်း

  • 👨‍🎓 Student By : Dr. Ei Mon Phyo

STI Myanmar University နဲ့ University of Bedfordshire, UK တို့  ပူးပေါင်းဖွင့်လှစ်တဲ့ MSc (Nutrition & Dietetics) သင်တန်းရဲ့  ဆရာမတစ်ဦးဖြစ်တဲ့ ဒေါက်တာအိမွန်ဖြိုးဟာ UK နိုင်ငံရဲ့ အာဟာရ ပညာရှင်များအသင်း (Associations for Nutrition) ရဲ့ အသိအမှတ်ပြုခြင်း ခံရတဲ့ အာဟာရပညာရှင်အဖြစ် မြန်မာနိုင်ငံမှာ ပထမဦးဆုံးထွက်ပေါ်လာခြင်းအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါတယ်။

ဒေါက်တာအိမွန်ဖြိုးဟာ ဆေးတက္ကသိုလ်(၁) ရန်ကုန်မှ ဆေးပညာဘွဲ့ ၊ UK နိုင်ငံ University of Glasgow မှ MSc (Med Sci) Clinical Nutrition ဘွဲ့ များကိုရရှိထားပြီး Nutrition Society, UK ရဲ့ graduate member တစ်ယောက်လည်းဖြစ်ပါတယ်။

ဆရာမအနေနဲ့ STI Myanmar University နဲ့ အတူ ရှေ့ဆက်ပြီး အာဟာရပညာရပ်နဲ့ မိမိနိုင်ငံ အတွက်အကျိုးပြုနိုင်တဲ့ ကျွမ်းကျင်အောင်မြင်တဲ့ အာဟာရ ပညာရှင်များစွာ ပျိုးထောင်နိုင်ပြီး အမြင့်မားဆုံးအောင်မြင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။