NEWS FEED Of STIMU


  • Home -
  • 2nd Forum on ASEAN- China Private Higher Education Development and Cooperation သို့ STI Myanmar University မှတက်ရောက်ဆွေးနွေးခြင်း
research
  • 11,12,2019
2nd Forum on ASEAN- China Private Higher Education Development and Cooperation သို့ STI Myanmar University မှတက်ရောက်ဆွေးနွေးခြင်း
  • By Admin
  • forum
  • 11,12,2019

အရှေ့တောင်အာရှနှင့် အာဆီယံ နိုင်ငံများရှိ ပုဂ္ဂလိက ကျောင်းများ ၏အ ဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်၍ အာဆီယံပညာရေးဝန်ကြီးများအဖွဲ့၊ အဆင့်မြင့်ပညာရေးနှင့် ဖွံ့ဖြိုးရေး ဒေသဆိုင်ရာဗဟိုဌာန ( SEAMEO RIHED) ၊ the ASEAN-China Centre (ACC) နှင့် the University of Sanya (USY) တို့ပူးပေါင်း၍ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းရှိ University of Sanya တွင် ဒီဇင်ဘာ (၁၁ ) ရက်နေ့မှ (၁၃) ရက်နေ့အထိ ဒုတိယအကြိမ်မြောက် ASEAN-China Private Higher Education Development and Cooperation Forum ကို ကျင်းပခဲ့ပါသည်။ ယင်း ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်၏ ပထမဆုံး ခွင့်ပြုမိန့် ရရှိထားပြီး ထိပ်တန်းအဆင့်မြင့်ပညာများကို သင်ကြားပို့ချနေသော ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်သည့် STI Myanmar University ကိုလည်း တက်ရောက်ရန် ဖိတ်ကြားခဲ့ပါသ ည်။
ASEAN-China Private Higher Education Development and Cooperation Forum သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ နှင့် ပုဂ္ဂလိက တက္ကသိုလ်များ အချင်းချင်း မိတ်ဖက် အဖွဲ့အစည်းအဖြစ်တည်ဆောက်ရန် ၊ နိုင်ငံများအကြားရှိ အဆင့်မြင့် ပညာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန်နှင့် အတွေ့အကြုံများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး ဖလှယ်နိုင်ရန်၊ နိုင်ငံတစ်နိုင်ငံ၏ ပညာရေး အောင်မြင်တိုးတက်မှု စံနမူနာကို တခြားနိုင်ငံများက ပြန်လည်သုံးသပ်လေ့လာနိုင်ရန်၊ အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံကို ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပြီး အကြံဥာဏ်များနှင့် အတွေ့ကြုံသစ်များကို တခြားနိုင်ငံများအား ပြန်လည်မျှဝေပေးနိုင်ရန် ရည်ရွယ်ပါသည်။ ယင်း Forumn၏ ရည်ရွယ်ချက်အတိုင်း ဆောင်ရွက်နိုင်ရန် STI Myanmar University သည် တရုတ်နိုင်ငံအပါအ၀င် အာဆီယံ (၁၀)နိုင်ငံနှင့် လည်းကောင်း၊ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းရှိ Sanya University နှင့်လည်းကောင်း နားလည်မှုစာချွန်လွှာများ အသီးသီးလက်မှတ်ရေးထိုးခဲ့ ကြပါသည်။
ASEAN- China Private Higher education Forumn ကို ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၃၀) ရက်နေ့တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံများမှ အဆင့်မြင့် ပုဂ္ဂလိက တက္ကသိုလ် စုစုပေါင်း ၁၆ ကျောင်းတို့က ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ ယခုနှစ်တွင်လည်း ပိုမိုကောင်းမွန် သော နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို တက်ရောက်လာသူများ၏ သဘောထားနှင့် အညီ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ ယင်း Forum သို့STI Myanmar University ၏ ဥက္ကဌ ဒေါ်ခင်အေးဝင်းနှင့် Executive Director ဒေါက်တာ မျိုးမျိုးနိုင်တို့ တက်ရောက်ခဲ့ ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..