NEWS FEED Of STIMU


  • Home -
  • STI Myanmar University မှ 21 Century Higher Education System Conference Programme တွင်ပါဝင်ဆွေးနွေးခြင်း
research
  • 2.19.2019
STI Myanmar University မှ 21 Century Higher Education System Conference Programme တွင်ပါဝင်ဆွေးနွေးခြင်း
  • By Admin
  • forum
  • 2.19.2019

မြန်မာနိုင်ငံ ဗြိတိသျှ သံရုံး၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာနမှ “ ၂၁ ရာစု အဆင့်မြင့်ပညာရေးစနစ်”နှင့် ပတ်သက်သော အကြီးမားဆုံး UK အဆင့်မြင့် ပညာရေးပွဲကြီးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ(၁၈) ရက်နှင့် (၁၉) ရက်နေ့ တွင် ဆူးလေရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ယင်း Conference တွင် ဗြိတိသျှ သံရုံး၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဌာနမှ တာဝန်ရှိလူကြီးများ၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင်မှ ဥက္ကဌနှင့် ဆရာကြီး ၊ ဆရာမကြီးများ ၊ အစိုးရတက္ကသိုလ်များမှ ပါမောက္ခချုပ်နှင့် ဆရာကြီး ၊ ဆရာမကြီးများ ၊ UK နှင့် ချိတ်ဆက်ထားသော ပုဂ္ဂလိက ကျောင်းများ ၊ ဌာနဆိုင်ရာမှ ဖိတ်ကြားထားသော အဆင့်မြင့်အရာရှိကြီးများနှင့် UK အဆင့်မြင့်ပညာရေး ကို စိတ်ဝင်စားသော ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
Conference ကာလ နှစ်ရက်အတွင်း UK အဆင့်မြင့်ပညာရေးနှင့် သက်ဆိုင်သော အကြောင်း အရာများကို ကဏ္ဍအသီးသီးမှ ဆွေးနွေးကြရာ ဖေဖော်ဝါရီ (၁၈)ရက်နေ့ နေ့လည် (၁)နာရီခွဲမှ (၂)နာရီခွဲအထိ “ Bridging the Gap between Education and Industry Requirement” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည့် ကဏ္ဍတွင် STI Myanmar University ၏ President ဒေါ်ခင်အေးဝင်း မှ Panelist အဖြစ် ၀င်ရောက်ဆွေးနွေးရာ Education နှင့် Industry အကြား လိုအပ်ချက် ဖြည့်ဆည်းနိုင်မည့် နည်းလမ်းများအား လုံးနှင့် မိမိတို့၏ ကျောင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော UK Engineering Accreditation ကြိုးပမ်း လုပ်ဆောင်မူများ၊ Industry နှင့်ချိတ်၍ နှစ်စဉ် Internship စီစဉ်ဆောင်ရွက်ပေးမူများကို ဥပမာပေး၍ ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယင်း Conference သည် အပြည်ပြည်ဆိုငိရာ ကုန်သွယ်ရေးဌာနနှင့် ၄င်း၏ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ကုန်သည်စက်မူ အသင်းချုပ်၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်နှင့် BCCM တို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။ အဆိုပါပွဲသည် အာဆီယံဒေသဆိုင်ရာ “ Education is great “ ကမ်ပိန်း၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၊ UK နိုင်ငံနှင့် မြန်မာနိုင်ငံကြား အဆင့်မြင့်ပညာရေးစနစ် တို့တွင် တွေ့ကြုံနေရသော စိန်ခေါ်မူများနှင့် ဗဟုသုတများကို ဖလှယ်ရန်အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။

News Feed

  • news

    Industry Visit to HAGL Myanmar Co.Ltd

    လုပ်ငန်းခွင်ဝင်‌ေရာက်ရန် အဆင်သင့်ဖြစ်သည့် အရည်ချင်းပြည့်ဝသူများဖြစ်စေရန်နှင့် စာတွေ့အပြင် လုပ်ငန်းခွင် အတွေ့အကြုံများပါ readmore
  • news

    Industry Visit to 2C2P

    စာတွေ့သာမက လုပ်ငန်းခွင် အတွေ့အကြုံများပါ ရရှိစေရန် STI Myanmar University မှ ဆရာမများနှင့်အတူ Engineering and Business readmore
  • news

    Industry Visit to PEB

    STI Myanmar University Yangon Campus မှ Engineering Major တက်ရောက်နေသောreadmore
  • news

    Industry Visit to Genius

    STIMU မှာ အင်္ဂလန်စီးပွားရေးစီမံခန့်ခွဲမှု ဂုဏ်ထူးတန်းဘွဲ့ကို တက်ရောက်နေကြတဲ့ ကျောင်းသား၊ ကျောင်းသူများအနေနဲ့ အချိန်နဲ့အမျှreadmore

Events

Welcome to STI Myanmar University

STI Myanmar University (STIMU), formerly known as STI Education, was founded in 2006 offering Diploma programs in teacher training, business management and English language. Today, it has grown to be one of the most respected & premier private academic institutions in Myanmar with over 2,500 students across 6 campuses in Yangon and Mandalay offering degree and diploma programs in Business, Finance, Health Science, Education and Engineering. STIMU is proud to be granted the first private education providers license by Myanmar Investment Commission (MIC) under the Ministry of Investment and Foreign Economic Relations in 2018. read more..

Scholarship Facility

Make the right choice : Prestige Myanmar University apply now..

Skilled Lecturers

STI faculty members are diverse with different cultural backgrounds from different parts of Myanmar and the world. read more..

Our Success Stories

most of the great success stories of the our university.read more..